Cloud Storage to Cloud Storage File Transfer လုပ်ကြမယ်

 
Cloud Storage to Cloud Storage File Transfer လုပ်လို့ရနေပါပြီး (ရတာကြာချင်လဲကြာနေလောက်ပြီ ကျနော်တော့ ဒီနေ့မှသိတယ်) Cloud မှာဖိုင်လ်တွေကိုနေရာ ၂ နေရာသိမ်းချင်တဲ့အခါ ပုံမှန်ဆိုကျနော်တို့က ၂ နေရာခွဲးပြီး ၂ ခါတင်ရတာပါပဲ wifi or fiber cable ရှိနေတဲ့သူတွေအတွက်ဘာမှပြဿနာမရှိပေမယ့် mobile data နဲ့သုံးနေတဲ့သူတွေအတွက်တော့ ဖိုင်လ်တွေများရင်များသလို ကုန်ကျစရိတ်ကလဲ မနည်းလှပါဘူး ဒါအပြင် အချိန်လဲအရမ်းကုန်ပါတယ် အဲ့အတွက် ဒီနေ့မှလျှောက်ရှာရင်းတွေ့မိတာပါ MultCloud ဆိုတဲ့ site လေးပါ account ဖွင့်ပြီး ကိုယ်ပြောင်းချင်တဲ့ cloud storage account တွေကို add ပြီး  File Transfer လုပ်လိုက်ရုံပါပဲ မြန်လဲမြန်ပါတယ် free account အတွက်ကတော့ ၁ လကို 50Gb  File Transfer လုပ်လို့ပဲရပါတယ် အဲ့ထက်ပိုသုံးချင်ရင်တော့ ဝယ်သုံးရမှာပါ

ဒီမှာ သွားပြီးစမ်းသုံးကြည့်ကြပါဗျာ

 

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.