ယူနီကုဒ်ပြောင်းပြီး ကွန်ပျူတာမှာစာရိုက်ရတာခက်တယ်ဆိုတဲ့သူတွေအတွက် စာရိုက်နည်း

ကွန်ပျူတာမှာ မြန်မာလက်ကွက် တခုခုသွင်းထားဖို့လိုပါလိမ့်မယ် Keyman, Keymagic ဒါမှမဟုတ် Windows8 နဲ့အထက်မှာပါတဲ့ Windows Built-in လက်ကွက်ရှိရပါမယ်
Windows Built-in လက်ကွက်ကတော့ အခုလောလောဆယ်မှာ အဆင်အပြေဆုံးနဲ့ error အကင်းဆုံးပါပဲ အဲ့ဒီကီးဘုတ်သုံးချင်ရင် သဝေထိုးက ဗျည်း၊ ဗျည်းတွဲးတွေရဲ့နောက်မှရိုက်လို့ရပါတယ်
ဥပမာ

ကျောင်း = ကျ + ေ + ာ + င် + း
မေမေ = မ + ေ + မ +ေ

 လိုရေးရမှာပါ နမူနာပုံမှာလဲကြည့်လို့ရပါတယ်

နောက်တစ်မျိုးကတော့ Keyman, Keymagic နဲ့ Windows 10 မှာပါတဲ့ Visual Keyboard ပါပဲ Smart Keyboard တွေပါ သူတို့ကတော့စာရိုက်ရတာပိုလွယ်ပါတယ် ငယ်ငယ်ကလက်နဲ့စာရေးသလိုရိုက်ရုံပါပဲ
 ** သတိထားဖို့က smart keyboard တွေသုံးရင် ကျန်တဲ့နေရာတွေမှာ ပြဿနာမရှိပေမယ့် excel အဆင်သိပ်မပြေပါဘူး **
ဥပမာ

ကျောင်း + ကျ + ာ + င် + း
မေမေ = ေ + မ + ေ + မ

 လိုရေးရမှာပါ  နမူနာကိုပုံမှာကြည့်ပါ

နောက်ဆုံးတစ်ခုကတော့ ပါဌ်ဆင့်ရိုက်နည်းပါပဲ ဒီဟာကတော့ ဘယ်ကီးဘုတ်ကိုပဲသုံးသုံး ဒီနည်းနဲ့ပဲရိုက်ရမှာပါ နမူနာပုံမှာကြည့်ပါ

Windows မှာ မြန်စံနဲ့ Myanmar3 လက်ကွက်ဆိုပြီး အဓိကလက်ကွက် ၂ မျိုးရှိပါတယ် ကျနော် အကြိုက်က တော့ Myanmar3 လက်ကွက်ပါပဲ OS တွေမှာပါတဲ့ လက်ကွက်က သူ့ကိုနမူနာယူထားကြာတာမို့လို့ပါ 
Myanmar3 လက်ကွက်ပုံစံ
မြန်စံလက်ကွက်ပုံစံ

1 thought on “ယူနီကုဒ်ပြောင်းပြီး ကွန်ပျူတာမှာစာရိုက်ရတာခက်တယ်ဆိုတဲ့သူတွေအတွက် စာရိုက်နည်း

  1. Pingback: ယူနီကုဒ်ပြောင်းပြီး ကွန်ပျူတာမှာစာရိုက်ရတာခက်တယ်ဆိုတဲ့သူတွေအတွက် စာရိုက်နည်း – Myanmar Youtuber

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.