“Crack Software တွေသုံးသင့်သလား” လို့မေးလာရင်တော့ မသုံးသင့်ဘူးလို့ပဲဖြေရမှာပါ။ နိုင်ငံဆင်းရဲနေပြီး ဝယ်သုံးချင်ရင်တောင် ဝယ်သုံးရခက်တာ ဈေးကြီးလွန်းတာတွေကြောင့် တစ်ချို့ဆို Crack မသုံးချင်ပေမယ့် သုံးနေရတဲ့သူတွေအများကြီးရှိပါတယ်။ ဒီနေ့သာမန်ရုံးသုံး ကျောင်းသုံးလောက်ပဲသုံးမယ့်သူတွေအတွက် ကျနော် သုံးနေတဲ့နည်းလမ်းတစ်ချို့ကို မျှဝေပေးသွာပါမယ်။ ဒီထဲမှာ Freeware နဲ့ Free သုံးနည်းလေးတွေပဲပါမှာပါ။
၁ – Microsoft Office
ကျနော်တို့ဆီမှာ လူသုံးအများဆုံးနဲ့ Crack အလုပ်ဆုံး Software တစ်ခုပါ။ ကွန်ပျူတာသင်တန်းစတက်ပြီဆိုတာနဲ့ Microsoft Office တွေနဲ့ စပြီးရင်းနီးရတာပါပဲ။ အသုံးလဲများသလို ကောင်းလဲကောင်းပါတယ် သူလိုပုံစံတူတွေအများကြီးရှိနေပေမယ့် သူလောက်ကောင်းတာ မရှိသေးပါဘူး (သာမန်လုပ်ငန်းသုံးလေးတွေ အနေနဲ့တော့ Free Software တစ်ချို့ဆိုရင် သူ့နေရာကို အစားထိုးလို့ရပါတယ် ဒါပေမယ့် အစွဲအရ MS Office ကိုပဲ အကုန်သုံးကြတာပါပဲ)။ လွယ်လွယ်ပဲ Crack လိုက်ရင်ရတယ်ဆိုပေမယ့် အခုနောက်ပိုင်း Ransomware တွေကို MS Office Crack File တွေထဲမှာ ထည့်ပေးလိုက်တာတွေ ရှိလာနေတဲ့အတွက် တွေ့ကနေရာတွေကနေယူပြီး သွင်တာမျိုး Crack တာမျိုးမလုပ်တာ ပိုကောင်းပါမယ်။ ကျနော်ကတော့ Microsoft Office 365 Developer Preview Account လျှောက်ပြီး သုံးပါတယ် တရားဝင်သုံးတာဖြစ်တဲ့အပြင် Enterprise Account ရတာဖြစ်တဲ့အတွက် တစ်ခြား User Account 25 ခုအထိခွဲပေးလို့ရပါတယ်။ သုံးခွင့်ရက် ၉၀ ပေးထားပြီး ရက် ၉၀ ပြည့်ရင်တော့ Auto Renew လုပ်ပေးတယ်လို့ရေးထားပါတယ် ဘာပဲဖြစ်ဖြစ် သုံးရတာ သုံးပျော်ပါတယ်။
၂ – Windows
Windows လဲ Office နဲ့ အတူတူပါပဲ သူ့ကို အခမဲသုံးချင်ရင်တော့ Insider Preview ဝင်ထားရင်ရပါတယ်။ ဒီနေရာမှာတော့ Early Update မယူပဲ ပုံမှန် Developer Update ပဲယူတာမျိုး ဒါမှမဟုတ် Update သိပ်မလုပ်တာမျိုးပဲ လုပ်သင့်ပါတယ်။ Developer Early Update က အရမ်း Error များတတ်ပါတယ်။ Windows ကိုမသုံးချင်ဘူးဆိုရင်တော့ တစ်ခြား Linux အနွယ်ဝင် OS တွေသုံးလို့ရပါတယ် နာမည်ကြီးတာကတော့ Ubuntu ပေါ့ တစ်ခုရှိတာကတော့ Linux ပေါ်မှာ MS Office သုံးလို့မရပါဘူး MS Office သုံးချင်ရင်တော့ Windows or Mac ၂ ခုထဲကတစ်ခုကိုသုံးရမှာပါ။
၃- Note
ဒီနေရာမှာတော့ ရွှေးချယ်စရာ အတော်လေးများပါတယ်။ MS Note ကိုသုံးလို့ရတယ်၊ Google Keep ကိုသုံးလို့ရတယ် တစ်ခြားလဲအများကြီးပဲ ဒါပေမယ့် ကျနော်ကတော့ Notion ကိုပိုပြီး ညွှန်းချင်ပါတယ်။ Free ရတယ် သုံးရတာလွယ်တယ်၊ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက် ဆရာကျကျသုံးလို့ရတယ် သာမန် Note App တစ်ခုကနေ ဆရာကြီးအဆင့်လောက်အထိကို သူ့တစ်ခုတည်းနဲ့သုံးလို့ရပါတယ်။ Cross Platform ရတယ်။ သုံးနည်းကိုတော့ အသေစိတ်မရေးပြတော့ပါဘူး YouTube မှာအလွယ်တကူရှာလို့ရလို့ပါ။
၄- Password Manager
ဒီနေရာမှာတော့ အခပေး၊ အခမဲ့ တွေအများကြီးထဲကမှ Bitwarden ဆိုတဲ့ Software ကိုညွှန်းချင်ပါတယ်။ Cross Platform ရတယ် အခပေးလဲရောင်းတယ်ဆိုပေမယ့် အခမဲ့မှာလဲ သုံးဖြစ်ရုံလောက်ပေးထားတာမဟုတ်ပါဘူး အတော်လေးကောင်းပြီး အတော်လေးစုံပါတယ် စမ်းသုံးကြည့်ပါ။
၅- Download Manager
File တွေကို Download လုပ်ဖို့က ဘာမှမလိုဘူးဆိုပေမယ့် Browser Download တွေက နှေးတဲ့အပြင် Resume မရပါဘူး။ အသုံးများတဲ့ IDM ကလဲ Crack ပြီးသုံးရမှာဖြစ်တဲ့အတွက် Crack မလုပ်ချင်ဘူးဆိုရင် ဘာသုံးမလဲဆိုတာဖြစ်လာပါတယ်။ Download Manager Software တွေအများကြီးရှိပေမယ့် ကျနော်ကတော့ Free Download Manager ကိုသဘောအကျဆုံးပါပဲ။ အခမဲ့ဖြစ်တယ်၊ Cross Platform ရတယ်၊ Torrent Files တွေကိုပါ ဒေါင်းပေးနိုင်တယ်၊ Resume ရတယ် ပြောရရင်တော်တော်လေး အဆင်ပြေပြီး ကောင်းပါတယ်။
၆- PDF Reader
ဒီနေရာမှာ PDF File တွေကိုဖတ်ဖို့အတွက်က နာမည်ကြီး Software အများစုက အခမဲ့ပေးထားတာပါ Adobe က အစပေါ့ သာမန်သုံးရုံအတွက်ကတော့ Full version မလိုပါဘူး မလိုအပ်ပဲနဲ့ Crack တွေသုံးတာက Virus ဝင်ဖို့အခွင့်အလမ်းပိုများစေပါတယ်။