Author Archives: azeon

Crack Software တွေသုံးသင့်သလား

“Crack Software တွေသုံးသင့်သလား” လို့မေးလာရင်တော့ မသုံးသင့်ဘူးလို့ပဲဖြေရမှာပါ။ နိုင်ငံဆင်းရဲနေပြီး ဝယ်သုံးချင်ရင်တောင် ဝယ်သုံးရခက်တာ ဈေးကြီးလွန်းတာတွေကြောင့် တစ်ချို့ဆို Crack မသုံးချင်ပေမယ့် သုံးနေရတဲ့သူတွေအများကြီးရှိပါတယ်။ ဒီနေ့သာမန်ရုံးသုံး ကျောင်းသုံးလောက်ပဲသုံးမယ့်သူတွေအတွက် ကျနော် သုံးနေတဲ့နည်းလမ်းတစ်ချို့ကို မျှဝေပေးသွာပါမယ်။ ဒီထဲမှာ Freeware နဲ့ Free သုံးနည်းလေးတွေပဲပါမှာပါ။

၁ – Microsoft Office

ကျနော်တို့ဆီမှာ လူသုံးအများဆုံးနဲ့ Crack အလုပ်ဆုံး Software တစ်ခုပါ။ ကွန်ပျူတာသင်တန်းစတက်ပြီဆိုတာနဲ့ Microsoft Office တွေနဲ့ စပြီးရင်းနီးရတာပါပဲ။ အသုံးလဲများသလို ကောင်းလဲကောင်းပါတယ် သူလိုပုံစံတူတွေအများကြီးရှိနေပေမယ့် သူလောက်ကောင်းတာ မရှိသေးပါဘူး (သာမန်လုပ်ငန်းသုံးလေးတွေ အနေနဲ့တော့ Free Software တစ်ချို့ဆိုရင် သူ့နေရာကို အစားထိုးလို့ရပါတယ် ဒါပေမယ့် အစွဲအရ MS Office ကိုပဲ အကုန်သုံးကြတာပါပဲ)။ လွယ်လွယ်ပဲ Crack လိုက်ရင်ရတယ်ဆိုပေမယ့် အခုနောက်ပိုင်း Ransomware တွေကို MS Office Crack File တွေထဲမှာ ထည့်ပေးလိုက်တာတွေ ရှိလာနေတဲ့အတွက် တွေ့ကနေရာတွေကနေယူပြီး သွင်တာမျိုး Crack တာမျိုးမလုပ်တာ ပိုကောင်းပါမယ်။ ကျနော်ကတော့ Microsoft Office 365 Developer Preview Account လျှောက်ပြီး သုံးပါတယ် တရားဝင်သုံးတာဖြစ်တဲ့အပြင် Enterprise Account ရတာဖြစ်တဲ့အတွက် တစ်ခြား User Account 25 ခုအထိခွဲပေးလို့ရပါတယ်။ သုံးခွင့်ရက် ၉၀ ပေးထားပြီး ရက် ၉၀ ပြည့်ရင်တော့ Auto Renew လုပ်ပေးတယ်လို့ရေးထားပါတယ် ဘာပဲဖြစ်ဖြစ် သုံးရတာ သုံးပျော်ပါတယ်။

Continue reading

Myanmar Android TV Apps

Android Phones, TV and TV Box တွေနဲ့ကြည့်ဖို့ Apps လေးတွေပါ။ အဓိကကတော့ အားကစားလိုင်းတွေပါတာပေါ့။ EPL, လာလီဂါ, စီးရီးအေ, လီဂူး, ဂျာမာန်ဘွန်းဒက်စ်လီဂါ အဲ့ဒါတွေကြည့်ဖို့အတွက် အရင်ကတော့ Skynet ပဲအားကိုးခဲ့ရတာပါ အင်တာနက်လိုင်းတွေကလဲဈေးကြီးခဲ့တာကြောင့်ပေါ့လေ။ အခုတော့ အင်တာနက်အမြန်နှုန်း 10Mbps လောက်ဆိုရင်ကို အခု App လေးတွေကနေပြီး အားကစားပွဲတွေကြည့်လို့အဆင်ပြေမှာပါ။ App တစ်ခုတည်းထည့်ပြီးကြည့်တာထက်စာရင် App ၃ ခုလောက်ထည့်ထားတာ ပိုအဆင်ပြေပါလိမ့်မယ် တစ်ခုမရတစ်ခုပေါ့။

Continue reading

Adobe Photoshop 22

#adobe_photoshop #techmmx

Adobe Photoshop 22 လေးပါ။ ထွက်ထားတာလဲ မကြာသေးသလို Feature အသစ်တွေနဲ့ ဒီ Version လေးက အတော်လေးသုံးလို့ကောင်းပါတယ်။

System Requirements

  • Operating System: Windows XP/Vista/7/8/8.1/10
  • RAM: 2 GB
  • Hard Disk: 3 GB
  • Processor: Intel Dual Core or higher processor

Download

Driver Easy Pro

Windows တင်ပြီးချိန်တိုင်း အရေးတကြီးရှာတာ Driver တွေပါပဲ။ အခွေရှိရင် ဒါမှမဟုတ် စက်ထဲမှာသိမ်းထားဖူးရင် သိပ်ပြီး ပြဿနာမရှိပေမယ့် အဲ့ဒါတွေမရှိရင်တော့ အတော်လေး တိုင်ပတ်တာပါပဲ။ PC အဟောင်းတွေဆိုလဲ Driver ရှာရခက်ပါတယ်။ အဲ့လိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် Driver Easy Pro လေးဆောင်ထားတာကောင်းပါတယ်။ File size လဲသေးပါတယ် စက်ထဲသွင်းပြီးမှ အင်တာနက်ကနေတဆင်ရှာပေးတဲ့အတွက် အင်တာနက်ရှိနေဖို့တော့လိုမှာပါ။

Download Here

Tech mmx page လေးပြန် အသက်ဝင်လာအောင်လုပ်တော့မယ်

Tech mmx page လေး အသက်မဝင်တာ အတော်လေးကြာနေပါပြီ။ ကျနော်ပျင်းနေတာရော စိတ်မပါတာရောကြောင့် ဘာမှမလုပ်ဖြစ်တာ။ အခုတော့ အတတ်နိုင်ဆုံးပြန်ပြီး တင်ပေးဖို့ ဆုံးဖြတ်ထားတပါတယ်။ လိုချင်တဲ့ Software or Game တွေကို မေးလို့တောင်းလို့ရပါတယ် အတတ်နိုင်ဆုံး ကျနော်ရှာပေးပါ့မယ်ဗျ။ ✌️