Category Archives: Tutorials

MSX Unicode Converter

Microsoft word, excel, powerpoint ဖိုင်တွေကို ဇော်ဂျီ font ကနေ unicode ပြောင်းပေးမယ့် အခမဲ့ windows application တစ်ခုဖြစ်ပါတယ်။ Rabbit Converter ကို အသုံးပြုထားပြီး Python နဲ့ ရေးသားထား ပါတယ်။ bulk စနစ်ဖြင့် folder လိုက် လွယ်လွယ်ကူကူပြောင်းပေးနိုင်အောင် လုပ်ပေးထားပါတယ်။ လက်ရှိမှာ .docx, .xlsx, .pptx ဖိုင်တွေကို ပြောင်းပေးနိုင်ပါတယ်။

လိုအပ်ချက်အနေနဲ့ windows 7 sp1 နှင့်အထက်၊ C++ Redist Package သွင်းထားဖို့လိုပြီး၊ မရှိသေးပါက အောက်မှာပေးထားတဲ့ link ကနေ သွင်းယူလို့ရပါတယ်။

DOWNLOAD MSX Unicode Converter

VISUAL C++ REDISTRIBUTABLE PACKAGES

ကွန်ပျူတာမှာ file name နဲ့ folder name တွေကို ယူနီကုဒ်ပြောင်းနည်း

နည်းလေးကလွယ်လွန်းပါတယ် ကျနော်လဲ ဒီနေမှ လျှောက်မွှေရင်းနဲ့ YouTube မှာရှာတွေတာ pk Converter ဆိုတဲ့ software လေးသုံးလိုက်ယုံပါပဲ အတော်ကိုအဆင်ပြေပါတယ် သီချင်းတွေကအစ ယူနီကုဒ် ဖြစ်သွားတယ် 👌👌 ကဲလေရှည်မနေတော့ဘူး သုံနည်းလေးသာကြည့် လိုက်မိုက်တယ် အောက်မှာလဲ ဒေါင်းဖို့ link ပေးထားတယ်
pk Converter (Mediafire) Download
pk Converter (Google Drive) Download

Amazfit Bit က iOS app မှာ နှလုံးခုန်နှုန်းနဲ့ အိပ်ချိန်တွေ sync မလုပ်တဲ့ပြဿနာ

Amazfit Bit က ဖုန်း app မှာ နှလုံးခုန်နှုန်းနဲ့ အိပ်ချိန်တွေ sync မလုပ်တဲ့ ပြဿနာဖြစ်နေလို့ တလောလေးက အတော်တိုင်ပတ်နေသေးတယ် 😏😏 အဲ့တာတွေ sync  မလုပ်တော့ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး ဒါပေမယ့် ပါလဲပါတယ်ဖွင့်လဲထားရဲ့နဲ့မလုပ်တာဆိုတော့ ခိုးလို့ခုလုတော့ဖြစ်တာပေါ့ 😅
Amazfit bit ကို reset ချကြည့်၊ ဖုန်းထဲးက app ကိုဖျက်ပြီးပြန်သွင်း၊ un-pair လုပ် ပြီးရင် pair ပြန်လုပ်တယ်မရဘူး နောက်ဆုံး google ကြည့်လိုက်တော့မှ ဖြေရှင်းနည်းရသွားတယ် 😅 တကယ်က ဘာမှမခက်ဖူး ဖုန်းက နာရီကို ၂၄ နာရီဖော့မတ်ပြောင်း ပြက္ခဒိန်မှာ အနောက်တိုင်း ပြက္ခဒိန်ထားပြီး ဖုန်းကို restart လုပ်လိုက် ပြီးရင် ပြန် sync  လုပ်ကြည့်လိုက် အဆင်ပြေသွားလိမ့်မယ်
Settings > General > Date & Time > make the 24-hour time ON

Settings > General > Language & Region > in region formats section > calendar > change it to Gregorian

ပြီးရင် နာရီကိုလဲ ၁၂ နာရီဖော့မတ်ပြန်ထားလဲရတယ်ဘာမှမဖြစ်တော့ဘူး
Before
After
 

Lightroom CC မှာ Develop mode ကိုဝင်တာနဲ့ Crashes ဖြစ်တဲ့ပြဿနာ

Windows အသစ်ပြန်တင်ပြီး အတော်ကြာမှ lightroom ပြန်တင်ဖြစ်တယ် အဲ့ဒီမှာ အရင်ကပြဿနာမဖြစ်ဖူးတဲ့ Develop mode ကိုဝင်တာနဲ့ Crashes ဖြစ်ပြီး ပိတ်ပိတ်သွားတာနဲ့တွေ့နေရလို့ အတော်အာရုံစားသွားတယ် Crack သုံးနေလို့ဖြစ်နေတယ်ပဲထင်နေတာ နောက်မှ Adobe Forum ထဲဝင်ဖတ်ကြည့်မှတွေ့တာ GPU acceleration ကိုပိတ်လိုက်ရင် အဆင်ပြေသွားတာပဲ 😅😅 ကိုယ့်မှာအစကမသိတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ သိသွားတော့လဲ ဘာမှမခက်ဖူးရယ် Edit-> Preferences-> Performance tab-> box labeled “Use Graphics Processor” လေးဖြုတ်ပေးလိုက်ရင်ရသွားပြီ

 

Cloud Storage to Cloud Storage File Transfer လုပ်ကြမယ်

 
Cloud Storage to Cloud Storage File Transfer လုပ်လို့ရနေပါပြီး (ရတာကြာချင်လဲကြာနေလောက်ပြီ ကျနော်တော့ ဒီနေ့မှသိတယ်) Cloud မှာဖိုင်လ်တွေကိုနေရာ ၂ နေရာသိမ်းချင်တဲ့အခါ ပုံမှန်ဆိုကျနော်တို့က ၂ နေရာခွဲးပြီး ၂ ခါတင်ရတာပါပဲ wifi or fiber cable ရှိနေတဲ့သူတွေအတွက်ဘာမှပြဿနာမရှိပေမယ့် mobile data နဲ့သုံးနေတဲ့သူတွေအတွက်တော့ ဖိုင်လ်တွေများရင်များသလို ကုန်ကျစရိတ်ကလဲ မနည်းလှပါဘူး ဒါအပြင် အချိန်လဲအရမ်းကုန်ပါတယ် အဲ့အတွက် ဒီနေ့မှလျှောက်ရှာရင်းတွေ့မိတာပါ MultCloud ဆိုတဲ့ site လေးပါ account ဖွင့်ပြီး ကိုယ်ပြောင်းချင်တဲ့ cloud storage account တွေကို add ပြီး  File Transfer လုပ်လိုက်ရုံပါပဲ မြန်လဲမြန်ပါတယ် free account အတွက်ကတော့ ၁ လကို 50Gb  File Transfer လုပ်လို့ပဲရပါတယ် အဲ့ထက်ပိုသုံးချင်ရင်တော့ ဝယ်သုံးရမှာပါ

ဒီမှာ သွားပြီးစမ်းသုံးကြည့်ကြပါဗျာ