ကွန်ပျူတာမှာ မြန်မာလက်ကွက် တခုခုသွင်းထားဖို့လိုပါလိမ့်မယ် Keyman, Keymagic ဒါမှမဟုတ် Windows8 နဲ့အထက်မှာပါတဲ့ Windows Built-in လက်ကွက်ရှိရပါမယ်
Windows Built-in လက်ကွက်ကတော့ အခုလောလောဆယ်မှာ အဆင်အပြေဆုံးနဲ့ error အကင်းဆုံးပါပဲ အဲ့ဒီကီးဘုတ်သုံးချင်ရင် သဝေထိုးက ဗျည်း၊ ဗျည်းတွဲးတွေရဲ့နောက်မှရိုက်လို့ရပါတယ်
ဥပမာ
| ကျောင်း | = ကျ + ေ + ာ + င် + း |
| မေမေ | = မ + ေ + မ +ေ |
လိုရေးရမှာပါ နမူနာပုံမှာလဲကြည့်လို့ရပါတယ်
နောက်တစ်မျိုးကတော့ Keyman, Keymagic နဲ့ Windows 10 မှာပါတဲ့ Visual Keyboard ပါပဲ Smart Keyboard တွေပါ သူတို့ကတော့စာရိုက်ရတာပိုလွယ်ပါတယ် ငယ်ငယ်ကလက်နဲ့စာရေးသလိုရိုက်ရုံပါပဲ
** သတိထားဖို့က smart keyboard တွေသုံးရင် ကျန်တဲ့နေရာတွေမှာ ပြဿနာမရှိပေမယ့် excel အဆင်သိပ်မပြေပါဘူး **
ဥပမာ
| ကျောင်း | = ေ + ကျ + ာ + င် + း |
| မေမေ | = ေ + မ + ေ + မ |
လိုရေးရမှာပါ နမူနာကိုပုံမှာကြည့်ပါ
နောက်ဆုံးတစ်ခုကတော့ ပါဌ်ဆင့်ရိုက်နည်းပါပဲ ဒီဟာကတော့ ဘယ်ကီးဘုတ်ကိုပဲသုံးသုံး ဒီနည်းနဲ့ပဲရိုက်ရမှာပါ နမူနာပုံမှာကြည့်ပါ





